Posts

New Year Prayer

“ မင်္ဂလာနှစ်သစ်ဖြစ်ပါစေ” နှစ်ဟောင်းလည်း ကုန်လွန်သွားတော့ နှစ်သစ်ကို ရောက်လာပါပြီ။ ခုနှစ်သက္ကရာဇ်လည်း ပြောင်းသွားပါပြီ။ သိပ္ပံသဘောတရားနှင့်ပြောရပါမူ ကျွန်ုပ်တို့ကမ္ဘာကြီးသည် နေမင်းကြီးကို တစ်ပတ်လည်ဖို့ (၃၆၅) ရက်ကြာပါသည်။ ဤကဲ့သို့ တစ်ပတ်လည်သွားခြင်းကို တစ်နှစ် ဟုရေတွက်ပါသည်။ ကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင်ကြကုန်သော လူသတ္တဝါတို့သည်လည်း အသက်တစ်နှစ် တိုးလာပါပြီ။ ကမ္ဘာကြီးလည်ပတ်နေလို့သာ နွေ၊ မိုး၊ ဆောင်း၊ ဟူသော ရာသီစက်ဝန်းကို ဖြစ်ပေါ်စေပါသည်။ ဒီရာသီ စက်ဝန်း လည်ပတ် နေခြင်းကြောင့် သစ်ပင်၊ ဝါးပင်၊ သီးပင်၊ စားပင်၊ တို့ကို ပေါ်ပေါက် ရှင်သန် နိုင်စေ ပါသည်။ လူအပါအဝင် မျိုးကွဲ သတ္တဝါအလုံးစုံ၊ ဇီဝအပင်မျိုးစုံတို့သည် ဉတုရာသီကို အမှီပြုကာ အသက်ရှင် နေကြရပါသည်။ ကျွန်ုပ်တို့ မှီတင်း နေထိုင်ကြကုန်သော ကမ္ဘာကြီးသည် စက်ယန္တရားကြီး တစ်ခုဖြစ်ပါသည်။ ဒီစက် ယန္တရားကြီး လည်ပတ် သွားလာနိုင်ဖို့က စွမ်းအားလိုအပ်ပါသည်။ ယင်းစွမ်းအားသည် လူလည်း မဟုတ်၊ နတ်ဗြဟ္မာလည်း မဟုတ်၊ အခြားပုဂ္ဂိုလ် သတ္တဝါ တစ်ဉီးဉီးလည်း မဟုတ်ပေ။ ယင်းစွမ်းအားကား သဘာဝဖြစ်လေသည်။ ဆုပ်ကိုင် ထိတွေ့၍ ရသည့်အရာမဟုတ်ပေ။ သာဓကအားဖြင့် ကျွန်ုပ်တို့ သဘာဝနိယာမဟု ခေါ်သည...

ရေခံမြေခံခရစ်ယာန်ဓမ္မသဘောတရားကိုဖော်ထုတ်ခြင်း(၁)

ရေခံမြေခံခရစ်ယာန်ဓမ္မသဘောတရားကိုဖော်ထုတ်ခြင်း(၁) ကျွန်ုပ်သည် ဓမ္မရေးရာ စာပေ ကျမ်းဂန်များတို့ကို မိမိဉာဏ်မှီသရွေ့ တတ်စွမ်းသလောက် သင်ယူ လေ့လာနေသူ တစ်ယောက်ဖြစ်ပါသည်။ ခရစ်ယာန် ဓမ္မရေးရာ စာပေ ကျမ်းဂန်များတို့ကို မြန်မာနိုင်ငံဓမ္မတက္ကသိုလ် Myanmar Institute of Theology တွင် စာချဆရာ၊ ဆရာမများ၊ ဓမ္မကထိက ဆရာသမားများတို့ဖြင့် အထူး အင်္ဂလိပ်(၁)နှစ်၊ မဟာဓမ္မဝိဇ္ဇာ(၃)နှစ်၊ စုစုပေါင်း(၄) နှစ်တာကာလ ဓမ္မပညာရပ်များတို့ကို စာတွေ့ သင်ကြား ခံယူခဲ့ရပါသည်။ မိမိ သင်ကြားခံယူခဲ့သော ဓမ္မသဘောတရား ရေးရာများတို့ကို မိမိကျင်လည်ရာ လောက နယ်ပယ်မှာ လက်တွေ့အနေဖြင့် နှစ်ပေါင်း(၂၀)ခန့် သာသနာ့ ဝန်ဆောင်အဖြစ် ဘဝကို ဖြတ်သန်းခဲ့ရပြီးဖြစ်ပါသည်။ လေ့လာသင်ယူသူ တစ်ယောက်အတွက် သင်ကြားခံယူမှု ဆိုသည်မှာ ပြီးဆုံးသွားပြီဆိုသောအသိ ကျွန်ုပ်တွင် မရှိခဲ့ပါ။ ယခုအချိန်ထိလည်း လေ့လာသင်ယူသူ learner တစ်ယောက် ဖြစ်နေဆဲပါ။ ထိုကြောင့် ဓမ္မကြောင်းဆိုင်ရာ ဗုဒ္ဓဘာသာ စာပေ ကျမ်းဂန်များတို့ကိုလည်း သင်ယူ လေ့လာလိုသော စိတ်ဆန္ဒလည်း ပြင်းပြလှပါသည်။ သို့သော်လည်း ဗုဒ္ဓကျမ်းဂန် ဓမ္မ စာပေများတို့ကို လေ့လာသင်ယူသောနည်းက ခရစ်ယာန်သမ္မာကျမ်းစာကို ဓမ္မကထိက ဆရာသမားများတို့...